ကျနော် ဘလော့ကနေ ပျောက်သွားလိုက်တာ ရက်ပေါင်း (၄၀၀) ကျော် ကြာသွားပါတယ်။ ကျနော် ပစ်ထားခဲ့တာ ဘလော့မိတ်ဆွေတွေ မေ့သွားလောက်တဲ့အထိ ကြာသွားခဲ့ပါတယ်။ အခု ရက်ပိုင်းတော့ ကျနော် အလုပ်နည်းနည်းလည်း ပါးနေတာနဲ့ အင်တာနက် သုံးဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ကစလို့ စရမှန်းမသိတော့... website တွေ တော်တော်များများကို ဖွင့်ပေးလိုက်ပြီတဲ့။ တကယ် မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဒါနဲ့ ကိုယ့်ဘလော့ကို ၀င်ကြည့်တော့ အရင်ဘလော့ subdomain က မရတော့ဘူး။ blogspot နဲ့ပြန်ပြင်ပြီး ဖွင့်လိုက်တယ်။ အိုကေပဲ.. ဒါပေမယ့် အဲဒီ blogspot က သိပ်စိတ်မချရသေးဘူးလေ။ ကိုဇော်သိင်္ခ နဲ့ Online မှာတွေ့တော့ myanmarbloggers.org မရလည်း mandalaybloggers.org ရတယ်တဲ့ ယူမလားတဲ့.. ကောင်းတာပေါ့ဗျာ။ ဘယ်ရမလဲ? FREE ဆို သိပ်ကြိုက်တာလေ။ အဲဒါနဲ့ ယူထားလိုက်တယ်။ (thetnaing.mandalaybloggers.org) လို့..
ပထမဆုံး အရင် Template က Image Link တွေ သေနေတယ်။ template ကို အရင် ပြန်ပြင်လိုက်တယ်။ ကျနော် ရောက်နေတဲ့ အရပ်က Connection က တော်တော်လေး ဆိုးရွားတဲ့ အတွက် တော်တော်လေး အချိန်ယူပြီး ပြင်လိုက်ရတယ်ဗျာ။ ပြီးတော့ ဘလော့မှာ တင်ထားတဲ့ ပို့စ်တွေထဲက Download link သေနေတာတွေကို ဖျက်တယ်။ ပြန်ပြီး upload တင်ရအောင်လည်း date out နေတာတွေ ဖြစ်တာရော၊ upload တင်ရလောက်အောင်ထိ connection က မကောင်းတာရောကြောင့် ဖျက်ပဲ ပစ်ရတယ်။ အကုန်တော့ မစစ်ကြည့်ရသေးဘူးဗျာ...
နောက်ပြီး software တွေ တင်ဖို့ ကျတော့ မဖြစ်နိုင်တော့ဘူးလို့လည်း ထင်မိတယ်။ How To လောက်ပဲ ဘာသာပြန်လေးတွေ တင်ပေးမှပဲရတော့မယ်ထင်တယ်။ အလုပ်အားတဲ့အချိန်ပေါ့ဗျာ။ အခုလောလောဆယ် မတင်နိုင်သေးပါဘူး။ အလုပ်အားတဲ့အချိန်ပေါ့။ (အရင်တုန်းကတော့ အလုပ်မယ်မယ်ရရ မရှိတော့ အားတယ်၊ အခု အလုပ်လေးရပြီးတော့ အလုပ်ကို ပစ်ထားလို့ မရဘူး ဖြစ်နေတယ်) ၀ါသနာကို မတားနိုင်လို့ ဘလော့ဆက်ရေးမယ်လို့ စိတ်ပြန်ကူးမိတာပါ။ ပို့စ် အရေအတွက်တော့ အရင်လောက် များမှာမဟုတ်တဲ့ အတွက် မိတ်ဟောင်းဆွေဟောင်းတွေကို အားနာပါတယ်။
အခုတော့.....
ကျနော်ဘလော့ကို ပြန်လာပြီလို့ပဲ ပြောပါရစေ


Come Back On My BLOG
8:18 PM
THET NAING






